Wednesday, January 25, 2012

နာယက ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ရုံးခန်း၌ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် နာယက ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအား တွဲဖက်အတွင်းရေးမှူး ကိုစိုးမိုးအောင်မှ  အခမ်းအနားမှူးအဖြစ် အစီအစဉ်များ ဖတ်ကြားကာ ညနေ ၅း၃၀ တွင် အစည်းအဝေးအား စတင်ခဲ့သည်။

အဆိုပါ အစည်းအဝေးပွဲတွင် နာယကကြီးများဖြစ်ကြသော ဒေါက်တာ ဇော်ဝေလင်း၊ ဓါတ်ခွဲမှူး ဦးကျော်ထွန်းသာနှင့် ဆရာမကြီး ဒေါ်အေးအေးစိန်တို့မှ သြ၀ါဒ စကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားကာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။

အသင်းကြီး၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌ ကိုသက်မှ ရှင်းလင်းပြောကြားခဲ့ပြီး သွေးလှူဒါန်းရေး၊ သွေးလှူဘဏ်၊ သွေးလှူရှင်များနှင့် ဆက်စပ်ဆက်နွယ်မှုများကို ရုံးအဖွဲ့မှူး ကိုစိုးဝင်းမှ ဆွေးနွေးတင်ပြခဲ့သည်။

အသင်း၏ မတည်ငွေ၊ ဘဏ္ဍာငွေ၊ ရန်ပုံငွေ စသည်တို့အား ဘဏ္ဍာရေးမှူး ကိုကျော်မင်းနှင့် အတွင်းရေးမှူး ကိုအော်စကာတို့မှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် လိုအပ်သည်များကို နာယကကြီးများနှင့် EC အဖွဲ့ဝင်များမှ ဆွေးနွေးတိုင်ပင်ကာ အစည်းအဝေးအား ညနေ ၆း၃၀ တွင် ပိတ်သိမ်းခဲ့သည်။

အခမ်းအနားမှူးအဖြစ် ကိုစိုးမိုးအောင်မှ အစီအစဉ်များ ဖတ်ကြားစဉ်

ဥက္ကဌ ကိုသက်မှ အသင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား

ရုံးအဖွဲ့မှူး ကိုစိုးဝင်းမှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား

ဆရာမကြီး ဒေါ်အေးအေးစိန်မှ ဆွေးနွေးပြောကြားစဉ်

ဒေါက်တာ ဇော်ဝေလင်းမှ ဆွေးနွေးပြောကြားစဉ်

ဓါတ်ခွဲမှူး ဦးကျော်ထွန်းသာမှ ဆွေးနွေးပြောကြားစဉ်









0 comments:

Post a Comment

Popular Posts - 3