Thursday, January 26, 2012

လူရွှင်တော် ငှက်ပျောကြော်မှ အသင်းဝင်များနှင့် တွေ့ဆုံ

ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့လည် ၁း၃၀ ခန့်တွင် လူရွှင်တော် ငှက်ပျောကြော်မှ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့သည်။ ငှက်ပျောကြော်သည် မလေးရှားနိုင်ငံသို့ တရုတ်နှစ်ကူး KL ပွိုင့်၏ BIG POINT ရှိုးပွဲနှင့်အတူ ဖျော်ဖြေရေး အတွက် ရောက်ရှိနေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဆရာမကြီး သန်းမြင့်အောင်၏ သြ၀ါဒကို ခံယူကာ မလေးရှားနိုင်ငံတွင် သွေးလှူရှင်အသင်းဖွဲ့စည်း၍ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း လူရွှင်တော် ငှက်ပျောကြော်မှ ချီးကျူးစကားပြောဆိုသွားခဲ့သည်။
အဖွဲ့ဝင်များအားလုံး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နေကြပုံနှင့် အသင်း၏ လုပ်ငန်းဆောင်တာများကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက အသင်း၏ နာယကကြီးဖြစ်သော နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဆရာမ သန်းမြင့်အောင်အား သတင်းစကား ပါးပေးမည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ပြောကြားသွားခဲ့သည်။
အသင်းကြီး၏ ပင်မသတင်းမီဒီယာတစ်ခုဖြစ်သော သတင်းကွန်ယက်မီဒီယာနှင့်လည်း တွေ့ဆုံကာ
''တချို့က မီဒီယာကို ကြောက်ကြတယ်။ ကျွန်တော်ကတော့ မီဒီယာကို မကြောက်ဘူး။ မီဒီယာဆိုတာ ကျွန်တော်တို့ အနုပညာသမားတွေအတွက် အသက်ပဲ" ဟု ပြောကြားသွားခဲ့သည်။











0 comments:

Post a Comment

Popular Posts - 3