Saturday, January 28, 2012

ချက်ရပ်စ်ဆေးရုံမှ ဆရာဝန်ကြီးများ လာရောက်တွေ့ဆုံ

မလေးရှားနိုင်ငံ၊ ချက်ရပ်စ် (Cheras) ဆေးရုံတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ သန်းထွန်းအောင်၊ ဒေါက်တာ ကျော်ကျော်နှင့် ဒေါက်တာ ရန်ရှင်းဖွန် တို့သည်
ဇန်န၀ါရီလ ၂၈ ရက်နေ့၊ နေ့လည် ၁၂း၃၀ ခန့်တွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
သို့  လာရောက်တွေ့ဆုံခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံရပ်ခြားတွင် မိမိတို့ လူမျိုးများအပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် သွေးလှူရှင်အဖွဲ့ ဖွဲ့စည်းထားခြင်းတို့ကို တွေ့မြင်ရသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ နာယက
ဆရာဝန်ကြီးများအဖြစ် ပါဝင်ခွင့်ရသည့်အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း ပြောကြားခဲ့ကြသည်။

ထို့နောက် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောဆိုခဲ့ကြပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည့် အကူအညီများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်
ကြောင်းလည်း ပြောကြားခဲ့ပြီး နေ့လည် ၂း၃၀ ခန့်တွင် တွေ့ဆုံဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့သည်။







0 comments:

Post a Comment

Popular Posts - 3