Thursday, April 5, 2012

ဖြတ်ညှပ်ကပ် မဟုတ်ကြောင်း နှလုံးလှ သွေးလှူရှင်အဖွဲ့မှ ရှင်းလင်း

နှလုံးလှ ပရိဟိတ လူငယ်များ သွေးလှူ ရှင်အဖွဲ့ (ကွာလာလမ်ပူ) မှ ဦးကျော်သူနှင့် စာရေးဆရာမ သန်းမြင့်အောင်တို့၏ ဓါတ်ပုံများကို ဖြတ်ညှပ်ကပ် လုပ်ကာ ကြော်ငြာထည့်ထားခြင်း မဟုတ်ကြောင်း အတိအလင်း ကြေငြာလိုက်သည်။

မြန်မာ့မိတ်ဆွေဂျာနယ်တွင် ဖော်ပြခဲ့ သော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ (ကွာလာလမ်ပူ) ၏ ပထမအကြိမ် သွေးလှူပွဲ ကျေးဇူးတင်လွှာနှင့် ဒုတိယအကြိမ် သွေးလှူပွဲ ဖိတ်ကြားလွှာတွင် (ရန်ကုန်) နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ (ရန်ကုန်) နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ (ကွာ လာလမ်ပူ) နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့၏ နာယကလည်းဖြစ်သူ စာရေး ဆရာမ သန်းမြင့်အောင်နှင့် အသင်း၏ နာယက ဆရာမကြီး တစ်ဦးဖြစ်သူ ဆရာမကြီး ဒေါ်အေးအေးစိန်တို့ ၃ ဦး တွဲရိုက်ထားသော ဓါတ်ပုံမှာ Photoshop ဖြင့် ဖြတ်ညှပ်ကပ်ထားခြင်း ဖြစ်သည်ဟု နေဇော်လင်း ၀ဘ်ဆိုဒ် တွင် အကြောင်းစုံကို အမှန်တကယ် မသိပါဘဲ တစုံ တစ်ဦးမှ ၀င်ရောက် ရေးသားသွားခဲ့သည်။

ထို့ပြင် ကောလဟာလအဖြစ် ပြောဆို နေသူတချို့ရှိကြောင်း ကြားသိရသဖြင့် အသင်း ကြီး၏ နာယကကြီးများ၊ ဆရာဝန်ကြီးများနှင့် အမာခံ EC များမှ အဆိုပါ စွပ်စွဲပြောဆိုချက်အပေါ် ဖြေရှင်းချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဦးကျော်သူတို့ ၃ ဦးတွဲ ဓါတ်ပုံ မှာ နာယက ဆရာမကြီ ဒေါ်အေးအေးစိန် ကိုယ် တိုင် မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသို့ အလည်ပြန်စဉ်က ဦးကျော်သူနှင့် စာရေးဆရာမ သန်းမြင့်အောင်တို့အတွက် အသင်းယူနီဖောင်း များ၊ ပထမအကြိမ် သွေးလှူပွဲ ဗီဒီယိုခွေများ၊ မှတ်တမ်းဓါတ်ပုံများ ပေးအပ်ခဲ့စဉ် မတ်လ ၁၅ ရက်နေ့က အသင်းအင်္ကျီများ ၀တ်ဆင်ကာ အမှတ်တရ ဓါတ်ပုံ တွဲရိုက်ထားသောပုံ ဖြစ် ကြောင်း၊ ထိုနေ့က ရိုက်ကူးခဲ့သော အခြားဓါတ်ပုံ များ၊ အခြားထောက်အထားများလည်း ရှိကြောင်း၊ အသေးစိပ်သိလိုပါက ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း စုံစမ်းစစ်ဆေးနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ကိုသက် - 017 2838 470
ကိုစိုးဝင်း - 016 6938 766
ကိုဆန်းမင်းဦး - 016 3687 939
ကိုအော်စကာ - 016 6738 398
ကိုကျော်မင်း - 012 2165 872
ဒေါ်အေးအေးစိန် - 12 3427 729

ရုံးလိပ်စာ -
အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင်ဘေးလှေခါး
No.118, (1st Floor),
Jalan Tun.H.S.Lee,
50000, Kuala Lumpur.

0 comments:

Post a Comment

Popular Posts - 3