Saturday, November 3, 2012

ပီနန်မြို့မှ ဇင်အောင်စိုးအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ မြန်မာပြည်တွင် ဆက်လက် ဆေးကုသမှုပေး

ပီနန်မြို့မှ ဇင်အောင်စိုးအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ မြန်မာပြည်တွင် ဆက်လက် ဆေးကုသမှုပေး 



မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် လာရောက် အလုပ် လုပ်ကိုင်ခဲ့သော မောင်ဇင်အောင်စ
ိုးသည် အလုပ်မှ ဆိုင်ကယ်စီး၍ ပြန်လာစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစ်စီးမှ စက်ချွတ်ယွင်း ကာ ၀င်ရောက် တိုက်မိခြင်းကို ခံခဲ့ရပြီး ပီနန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံခဲ့ရသည်။

၎င်းသည် ၀ဲဘက်ခြေထောက် တစ်ဖက် ဖြတ်ခဲ့ရပြီး ဆီးဂုံဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအနေ ဖြင့် ပီနန်ဆေးရုံပေါ်တွင် ဆက်လက်ဆေးကုသ ရန် အခက်အခဲဖြစ်နေချိန်တွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) မှ ဆေးကုသရန် အလှူငွေများ ကောက်ခံကာ သွားရောက် ကြည့်ရှု ထောက်ပံ့ပေးခဲ့ကြသည်။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူ ရှင်အဖွဲ့သည် ၁၉-၅-၂၀၁၂ ရက်နေ့တွင် ပထမ အကြိမ်၊ ၁၆-၆-၂၀၁၂ ရက်နေ့တွင် ဒုတိယ အကြိမ်၊ ၇-၇-၂၀၁၂ ရက်နေ့တွင် တတိယ အကြိမ်၊ ၁၅-၈-၂၀၁၂ ရက်နေ့တွင် စတုတ္ထ အကြိမ် သွားရောက်ကြည့်ရှုခဲ့ပြီး လစဉ် ဆေး ကုသရန် အလှူငွေများ ထောက်ပံ့ခြင်း၊ ကျန်းမာ ရေးနှင့် စားသောက်ရေးတို့အတွက် စောင့်ရှောက် မှုပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

ယခုအခါ မောင်ဇင်အောင်စိုးမှာ ပြန် လည် နေကောင်းလာပြီဖြစ်၍ ၎င်းအဖွဲ့မှပင် မြန်မာပြည်သို့ ပြန်ရန် အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် MAI လေကြောင်းလိုင်းဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်တွင် ဆက်လက် ဆေးကုသမှုခံယူရန် ၎င်းအဖွဲ့၏ နာယက ဆရာမ ကြီးလည်းဖြစ်၊ (ရန်ကုန်) နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ပရဟိတလုပ်ငန်းများစွာကို လုပ်ကိုင်နေသော စာရေးဆရာမ ဒေါ်သန်းမြင့် အောင်မှ မြန်မာပြည်ဘက်ခြမ်း တာဝန်များကို လွှဲပြောင်းတာဝန်ယူခဲ့ကြောင်းလည်း သိရှိရသည်။

မောင်ဇင်အောင်အတွက် ကောက်ခံရ ရှိသော အလှူငွေများမှာ အောက်တိုဘာလ ၁၃ ရက်နေ့အထိ စုစုပေါင်း မြန်မာကျပ်ငွေ ၂,၇၉၅,၀၀၀ ကျပ် ရရှိခဲ့ပြီး မလေးရှားတွင် စုစု ပေါင်း ၁,၆၉၅,၀၀၀ ကျပ် လှူဒါန်းပြီးဖြစ်ကာ ကျန် ငွေ ၁၁ သိန်းကို နာယက ဆရာမကြီး ဒေါ်သန်းမြင့်အောင် မှတဆင့် ဇင်အောင်စိုး၏ မိဘများထံသို့ သွားရောက် လှူဒါန်းမည်ဖြစ် ကြောင်း သိရှိရသည်။

ယခုအခါ မောင်ဇင်အောင်စိုးသည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆက် လက် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

လေပြည် (သတင်းကွန်ယက် ဂျာနယ်)

0 comments:

Post a Comment

Popular Posts - 3