Sunday, April 19, 2015

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး

 
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ အသင်းကြီး၏ (မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်) ၁၂ ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို ယနေ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ပီဂျေရှိ University Hospital ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ သွေးလှူရှင်ပေါင်း ၃၄၄ ဦးမှ စုပေါင်း သွေးလှူဒါန်းခဲ့ပြီး နေ့လည် (၂) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေး အတွက် လာရောက်ပြီး သွေးလှူဒါန်းကြသော သွေးလှူရှင်များ အားလုံး ၊ အကျွေးအမွေး အတွက် လှူဒါန်းကြသော အလှူရှင်များ အားလုံး ၊ ရပ်ဝေး ရပ်နီးမှ လာရောက် ကူညီပေးသော ညီအစ်ကို မောင်နှမများ အားလုံး (၁၂) ကြိမ်မြောက် သွေးလှူဒါန်းအတွက် အဖက်ဖက်မှ ပါဝင်ကူညီသူ အားလုံးနှင့် မလေးရှားနိုင်ငံရှိ ပရဟိတ ညီအစ်ကို မောင်နှမများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။

 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ရုံးခန်းလိပ်စာ) ဇာမဏီ စတိုးဆိုင် အပေါ်ထပ် (၄ လွှာ) No.23, 4th Floor, Jalan Lebuh Pudu, 50050, Kuala Lumpur. Tel : 03-2022 1245 Email : lovelyheart.blooddonation@gmail.com Website : www.myanmarblooddonorkl.com

0 comments:

Post a Comment

Popular Posts - 3