Wednesday, April 8, 2015

ကိုနန်းလင်း (အသက် - ၃၂ နှစ်) MA-447782 ရုပ်အလောင်းအား ပို့ဆောင်

 
ကျွန်တော်များ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ (ကွာလာလမ်ပူ)မှ ကွယ်လွန်သူ ကိုနန်းလင်း (အသက် - ၃၂ နှစ်) MA-447782 ရုပ်အလောင်းအား မြန်မာနိုင်ငံရှိ မိဘများထံသို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှုရှင် အဖွဲ့ နှင့် အတူ သေဆုံးသူ၏ မိသားစု ဆွေမျိုးများ သူငယ်ချင်းများ မိတ်ဆွေများ နှင့် အတူ ဝိုင်းဝန်းပြီး လုပ်ဆောင်လျက်ရှိပါသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မလေးရှား လေယာဉ် MH 740 ဖြင့် မြန်မာနိုင်ငံရှိ မိသားစု ထံသို့ ပို့ဆောင်ခဲ့ပြီး မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မီနစ်တွင် ရောက်ရှိမှာ ဖြစ်ပါသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန်နာရေးကူညီမှု အသင်းမှ နာရေးကားဖြင့် သယ်ဆောင်ကာ နှလုံးလှ ပရဟိတ လူုငယ်များ သွေးလှူရှင် အဖွဲ့ (ရန်ကုန်) ရှိ အသင်းဝင်များမှ ပဲခူးတိုင်း ကဝမြို့နယ် ၊ ရစ်ကန်လေးရွာ ရှိသေဆုံးသူ၏ မိဘများထံသို့ ပို့ဆောင်သွားမှာ ဖြစ်ပါသည်။ 

 ကွယ်လွန်သူ မောင်နန်းလင်း ၏ မိသားစုဝင်များနှင့် အတူ ဝမ်းနည်းကြေကွဲရသည်။ မောင်နန်းလင်း ကောင်းရာဘုံဝကို ရောက်ရှိပါစေ။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ရုံးခန်းလိပ်စာ) ဇာမဏီ စတိုးဆိုင် အပေါ်ထပ် (၄ လွှာ) No.23, 4th Floor, Jalan Lebuh Pudu, 50050, Kuala Lumpur. Tel : 03-2022 1245 Email : lovelyheart.blooddonation@gmail.com Website : www.myanmarblooddonorkl.com

0 comments:

Post a Comment

Popular Posts - 3